မော်လမြိုင်မြို့၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကွင်းဆင်းဆောင်ရွက်ပေး

မော်လမြိုင် ဇူလိုင် ၂၅

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မော်လမြိုင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖားအောက်ကျေးရွာနေပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာနေပြည်သူများအား အိမ်ထောင်စုနှင့်နိုင်ငံသားစိစစ်ရေးကတ်(၁၆၇)ဦးအား ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး Biographic / Biometric အချက်အလက်များပါကောက်ယူ၍ UID နံပါတ်ထုတ်ပေးခြင်းအား တစ်ပါတည်းဆောင်ရွက်ပေးခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးညွှန်ကြားရေးမှူးဦးမြတ်သွင်နှင့် ခရိုင်/ မြို့နယ်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ပြန်/ဆက်