ဓနုဖြူမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေး

ဓနုဖြူ ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက လင်းလွန်းပင်ကျေးရွာအုပ်စု၊ လင်းလွန်းပင်ကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဓနုဖြူမြို့နယ်ရုံးမှ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးသက်ကိုဖြိုးနှင့် ဝန်ထမ်းများက လင်းလွန်းပင်ကျေးရွာအုပ်စုတွင် နေထိုင်သည့် ပြည်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးပြီး ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်း၊ သန်းခေါင်စာရင်းလက်ကမ်းကြော်ငြာများဖြန့်ဝေခြင်း၊ပိုစတာကပ်ခြင်း၊နိုင်အပေါက်ဖာခြင်းစသည်တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)