တောင်ဥက္ကလာပမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြော သရုပ်ပြပွဲနှင့် အားကစားပစ္စည်းလှူဒါန်းခြင်း အခမ်းအနားကျင်းပ

တောင်ဥက္ကလာပ ဩဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ တောင်ဥက္ကလာပမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းလှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ ကေသရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညို‌အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထူးအောင်က လူငယ်များ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန်နှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်အတွက် အားကစားကို ကြိုးစားသင်ယူလေ့လာလေ့ကျင့်သင့်ကြောင်း အသိပညာ‌ပေးဟောပြောသည်။ ဆက်လက်၍ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဆွေနှင်းက ကျောင်းသား၊ ကျောင်းသူများ အသိအမြင်ဗဟုသုတကြွယ်ဝ‌‌စေရန်အတွက် အားလပ်ချိန်တွင် စာပေဖတ်ရှုလေ့လာရန်နှင့် ပညာကိုကြိုးစား‌သင့်ကြောင်း စသည်ဖြင့်ဟော‌‌ပြောသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထူးအောင်မှ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညို‌အောင်က လက်ခံရယူခဲ့သည်။ ဆက်လက်၍ သရုပ်ပြအဖွဲ့က Fitness Dance အားကစားနည်းဖြင့် သရုပ်ပြတင်ဆက်ရာ တောင်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစည်သူဆွေမှ သရုပ်ပြအဖွဲ့အား ဂုဏ်ပြုငွေ‌ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထူးအောင်၊ တောင်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးစီးဌာန ဒုတိယဦးစီးမှူး ဦးစည်သူဆွေ၊ မြို့နယ်အားကစားမှူး ဒေါ်လေးဇာဇာလှိုင်းမြင့်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)