မိတ္ထီလာ ဩဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်
အဆိုပါပြိုင်ပွဲတွင် မြို့နယ်စာရေးဆရာအသင်းမှ အဖွဲ့ဝင်စာရေးဆရာ ရွှေညာမြေမြတ်သင်းကြိုင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ထိုနောက် ပြိုင်ပွဲကိုကျင်းပရာ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၇၆ ဦးက စာပေနှင့်ပတ်သက်သည့် ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲအား ဩဂုတ်လ ၂၂ ရက်နေ့၌ ကျင်းပမည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ပြိုင်ပွဲများအတွက် ကြိုတင်ကျင်းပခြင်းဖြစ်ပြီး ၎င်းပြိုင်ပွဲမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၇၆ ဦးအနက် အကောင်းဆုံးပါဝင်ယှဉ်ပြိုင်ခဲ့သူ ၂၀ ဦးအား ရွေးချယ်၍ ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် နောက်ဆုံးအဆင့် ထပ်မံယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး ဆုရရှိသူများအား ယင်းပြိုင်ပွဲနေ့တွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)