မင်္ဂလာတောင်ညွန့် ဩဂုတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ စာပေမှရရှိသည့် ဗဟုသုတများတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီ မိနစ် (၃၀) အချိန်က မြို့နယ်မီးသတ်ဦးစီးဌာနတွင် ငှားရမ်းပေးခဲ့ပါသည်။
အဆိုပါ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို မင်္ဂလာတောင်ညွန့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက သုတ/ရသစာအုပ်များကို ငှားရမ်းပေးခဲ့ပြီး ရက်သတ္တပတ်နှစ်ပတ်လျှင် တစ်ကြိမ်စာအုပ်အသစ်များ လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ပါကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)