အမရပူရ သြဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်း ကောက်ယူရေးတွင် ရပ်ကွက်/ ကျေးရွာဥက္ကဋ္ဌများနှင့် စာရေးများ ပါဝင်ရမည့် အခန်းကဏ္ဍများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းက ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် လာမည့် အောက်တိုဘာ ၁ ရက်နေ့ မှ ၁၅ ရက်နေ့ထိ ကောက်ယူမည့် သန်းခေါင်စာရင်းတွင် အသုံးပြုရန်၊Tablet များ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဟောပြောပွဲအား မပြုလုပ်ရသေးသည့် ကျေးရွာများ သိရှိစေရန်အတွက်လည်းကောင်း၊ ဗဟိုအဆင့် နည်းပြသင်တန်းများ ပို့ချပြီးပြီးဖြစ်၍ တိုင်းအဆင့်သင်တန်းများအား ၁၉-၈-၂၀၂၄ ရက်နေ့တွင် သင်တန်းများပို့ချသွားမှာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ သင်တန်းသား (၃၀၀)ဦးတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအနီး လွှတ်တော်အဆောက်အဦးဟောင်းတွင် (၁၂)ရက်တိတိ ဗဟိုအဆင့် သင်တန်းတက်ရောက်ခဲ့သူများမှ ထပ့်ဆင့်ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းထံမှ သိရသည်။
စိုးသီဟ(အမရ)