ညောင်ဦး ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီ အချိန်က ဖွင့်ကျင်းပခဲ့ကြောင်း သိရသည်။
၂၅ ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီး ပြိုင်ပွဲဖွင့်ပွဲအား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ အဖွဲ့ဝင် ဦးဆန်းထွန်းဦး၊ ခေတ္တမြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ဝင်းနှင့် မြို့နယ်သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးစန်းလွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ပြီးနောက် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က (၂၅) ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို အက အရေး အတီးပြိုင်ပွဲဖွင့်ပွဲ အမှာစကား ပြောကြားသည်။
ပြီးနောက် (၂၅) ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီးပြိုင်ပွဲ ကျင်းပသည်။ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို အက အရေး အတီးပြိုင်ပွဲ ဘာသာရပ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်များအား အကဲဖြတ်ဒိုင်အဖွဲ့မှ ရွေးချယ်ပေးခဲ့ကြသည့် မြို့နယ်ထူးချွန် ဆုရရှိကြသူများအား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ အဖွဲ့ဝင် ဦးဆန်းထွန်းဦး၊ ရဲမှူး သက်နိုင်ဦး၊ခေ တ္တပညာရေးမှူး ဒေါ်တင်တင်ဝင်း၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ခ၊ မြို့နယ်လဝကဦးစီးမှူး ဦးလှငြိမ်းတို့က ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု ရရှိသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း