သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးလျက်ရှိ

သံဖြူဇရပ်  ဩဂုတ်  ၁၉

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများစျေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရေး အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်စည်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကျိုက္ခမီမြို့ မြို့မစျေးရပ်ကွက်၌ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ရောင်းချရာတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် အမဲသားတစ်ပိဿာ ကျပ်(၁၄၀၀၀)၊ ဝက်သားတစ်ပိဿာ ကျပ် (၁၃၀၀၀)၊ ကြက်ဥ(၁)လုံး (၃၅၀)ကျပ်၊ ဘဲဥတစ်လုံး(၄၅၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ရာ ဝယ်ယူသူများပြားလျက်ရှိပြီး အပတ်စဥ်တနင်္လာနေ့တိုင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)