ကြည့်မြင်တိုင်မြို့နယ်၌ အားကစားနှင့် လူငယ်ရေးရာအသိပညာ‌ပေးဟောပြောပွဲ ကျင်းပ

ကြည့်မြင်တိုင် သြဂုတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း စံပယ်ဖြူခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးမျိုးညီညီကအဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုထူးက လူငယ်ရေးရာခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာလင်းက လူငယ်နှင့်စာပေ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးမျိုးမင်းသန်းက လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း ဟောပြောခဲ့သည်။ ဆက်လက်ပြီး အားကစားအဖွဲ့များက တိုက်ကွမ်ဒိုသရုပ်ပြခြင်းများ၊ fitness dance သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ပြီး အခြေခံပညာကျောင်းများအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။   

အဆိုပါအခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာ‌စောင်များကို တက်ရောက်လာကြသည့် ဆရာ၊ ‌ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ‌ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)