သာစည် ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော Register နှင့် Unregister လမ်းစာရင်းများ ရှင်းလင်းတင်ပြဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဧည့်ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပိုပိုချစ်က ဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိသော Register လမ်းမိုင် (၂၀၉/၇.၅၂)မိုင်နှင့် Unregister လမ်းမိုင် (၄၇/၃.၈၀)မိုင်တို့အား ဆောင်ရွက်နေမှုအခြေအနေများကို အကျယ်တဝင့် ရှင်းလင်းတင်ပြဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါရှင်းလင်းတင်ပြဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)