ရန်ကုန် သြဂုတ် ၂၄
သန်လျင်ခရိုင် လူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ ကျင်းပခဲ့သည်။
အစီအစဉ်အရ သန်လျင်ခရိုင် လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးအောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းထွန်းက ''လူငယ်နှင့်အားကစား''၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာချောနန္ဒီက ''လူငယ်နှင့်ကိုယ်လက်လှုပ်ရှား''၊ သန်လျင်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး နေလင်းအောင်က'' ယာဉ်စည်းကမ်းလမ်းစည်းကမ်း'' ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောကြသည်၊ ဆက်လက်၍ Physical Fitness Dance ဖြင့်အားကစားသမားများက သရုပ်ပြတင်ဆက်ပြီးနောက် အားကစားအဖွဲ့အား တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများပေးအပ်သည်၊ ယင်းနောက် ခရိုင်အားကစားမှူး ဦးကျော်မင်းထွန်းက အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စံသာနုက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်လူငယ်ရေးရာကော်မတီဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၂၅၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (ပြန်/ဆက်)