မင်းလှ၌ မြို့နယ်အဆင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့်စပ်လျဉ်းပြီး 3Rs(Reduce, Reuse, Recycle)စနစ် အသိပညာပေးဟောပြောပွဲပြုလုပ်

မင်းလှ ဩဂုတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့ကကြီးမှူး၍ မြို့နယ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြို့နယ်အဆင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့်စပ်လျဉ်းပြီး 3Rs(Reduce, Reuse, Recycle)စနစ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်စည်ပင်သာယာရေး‌ကော်မတီဥက္ကဋ္ဌ ဦးလှဌေးကအမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒေါ်သီတာဝင်းက 3Rs ၏ အဓိပ္ပာယ်ဖြစ်သော(Reduce, Reuse, Recycle)(လျှော့ချပါ၊ ပြန်လည်သုံးစွဲပါ၊ ပြန်လည်ပြုပြင်အသုံးပြုပါ)စသည့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဆရာဝန်ကြီးဒေါက်တာလှဝင်းက အမှိုက်နှင့်ကြွပ်ကြွပ်အိတ်စွန့်ပစ်မှုများကြောင့် ပတ်ဝန်းကျင်အပေါ်အကျိုးသက်ရာက်မှုများ၊ ပလတ်စတစ်၏ဆိုးကျိုးများအကြောင်းတို့ကို အသိပညာပေးပြောကြားခဲ့သည်။

ဟောပြောပွဲသို့ တတ်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူ/ဈေးသားများအား စွန့်ပစ်ပစ္စည်းများအား 3Rs အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ရေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)