လွိုင်ကော် ဩဂုတ် ၂၈
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းနှင့် တရားစီရင်ရေး၊ စီမံခန့်ခွဲရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကယားပြည်နယ် တရားလွှတ်တော်ရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်နယ်တရားရေးဦးစီးမှူး ဦးထွန်းထွန်းအောင်၊ ပြည်နယ်တရားလွှတ်တော် တရားရေးအရာရှိများ၊ ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်တရားသူကြီးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုဇင်