ရွှေဘို ဩဂုတ် ၂၉
နိုင်ငံတော်မှ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မတိမ်ကော မပျောက်ပျက်စေရေးနှင့် ဆက်လက်ထိန်းသိမ်းနိုင်ရေး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများအား ကျင်းပပေးလျက်ရှိရာ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး (ခရိုင်အဆင့်) အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဆုပေးပွဲကို ယမန်နေ့ညနေ (၃) နာရီချိန်က ရွှေဘိုမြို့ ရန်ကြီးအောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တေးရေးဆရာ ဦးနိုင်လင်းက "ကျေးရွာဝါဒ"သီချင်း၊ ဝါသနာရှင်အဆင့် တယောအတီး ပြိုင်ပွဲဝင် ဦးကျော်ကျော်နိုင်နှင့် ဆိုင်းဝိုင်းတစ်ကိုယ်တော်အတီးပြိုင်ပွဲတွင် ခရိုင်ကိုယ်စားပြု ယှဥ်ပြိုင်မည့် မောင်ဟိန်းဇေယျာတို့က အဆို၊ အတီးများဖြင့် ဖျော်ဖြေခဲ့ပြီး၊ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ခေတ်ဟောင်းကာလပေါ်တေးသီချင်း၊ အမျိူးဂုဏ် ဇာတိဂုဏ်မြှင့်တင်ရေးသီချင်း၊ အတီးပြိုင်ပွဲ၊ ဆိုင်း၊ တယော၊ ပတ္တလား၊ စန္ဒရား၊ မင်းသမီးအကတို့တွင် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုရ ပြိုင်ပွဲဝင်များအား၊ အမှတ်(၅) စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူးနှင့် ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များက ဆုများအသီသီး ချီးမြှင့်ပေးခဲ့ပြီး၊ ပြိုင်ပွဲအတွက် ထောက်ပံ့အလှူငွေ ပေးအပ်သည့်၊ ခရိုင်လမ်းဦးစီးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီးနောက် အဆိုတော်မနန်းစီုးခိုင်နှင့် ဝိုင်းအိကျော်၊ ပိုးသီရိဇော်တို့က "အောင်စေပိုင်စေ"သီချင်းသီဆိုကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ အမှတ်(၅) စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူးနှင့် အရာရှိစစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးခေတ္တ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမှတ်ပေးဒိုင်အဖွဲ့ဝင်များ၊ ဝါသနာရှင်များ ပြိုင်ပွဲဝင်အနုပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အေးမြင့်စန်း(ပြန်/ဆက်)