တန့်ယန်း ဩဂုတ် ၂၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အမှတ် (၃) တပ်မတော်ဆေးရုံမှ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့ နံနက်ပိုင်းက အမှတ် (၂) ရပ်ကွက်ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမ၌ ယာယီနေရပ်စွန့်ခွာသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေးဆောင်ရွက်ပေးသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဗိုလ်မှူးနေလင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးကဲများက ကြည့်ရှုအားပေးကာ အမှတ် (၃) တပ်မတော်ဆေးရုံ (ခုတင်-၂၅) မှ ဆရာဝန်၊ ဆရာမများက မိဘပြည်သူ စုစုပေါင်း (၂၅၆) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံအားပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)