ကွန်ဟိန်း ဩဂုတ် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်မာအေးက မျောက်ကျောက်ရောဂါအကြောင်းသိကောင်းစရာများ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေးဟောပြောခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်