အမ်း စက်တင်ဘာ ၄
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှု နည်းပြသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်၍ Online မှတစ်ဆင့် သင်တန်းသားများအား သင်ကြားပို့ချက်လျက်ရှိကြောင်း သိရသည်။
ဦးစွာ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှု နည်းပြသင်တန်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမ်းခရိုင် ဦးစီးမှုး(ယာယီ) ဦးဇော်ဇော်ထွဍ်က ယခုဖွင့်လှစ်မည့် နည်းပြသင်တန်းကို ဗဟိုအဆင့်နည်းပြသင်တန်း တက်ရောက်ခဲ့သည့် နည်းပြများမှ Online မှတစ်ဆင့် ပြန်လည်ပို့ချသွားမှာဖြစ်ကြောင်း၊ သင်တန်းသို့ တက်ရောက်မည့် သင်တန်းသားများသည် ၁၇-၉-၂၀၂၄ ရက်နေ့မှ ၂၈-၉-၂၀၂၄ ထိ ဖွင့်လှစ်မည့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းတွင် သင်တန်းနည်းပြများအဖြစ် ထပ်ဆင့်တာဝန်ထမ်းဆောင်ရမှာဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူမှုတွင် အချက်အလက်မှန်ကန်တိကျမှုနှင့် လုပ်ငန်းထိရောက်မှုကိုမြှင့်တင်ရန် Mobile Tablet များ အပါအဝင် အဆင့်မြင့်နည်းပညာများကို အသုံးချဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ စာရင်းစစ်၊ စာရင်းကောက်များအား ဤနည်းပညာကို အသုံးပြုနိုင်ရန် လေ့ကျင့်သင်ကြားပေးနိုင်မှုသည် များစွာအရေးကြီးပါကြောင်း၊ သို့မှသာ စာရင်းစစ်၊ စာရင်းကောက်များအား သင်တန်းပြန်လည်ပို့ချသည့်အခါ အခြေအနေအရပ်ရပ်ကို ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါကြောင်းနှင့် လိုအပ်ချက်များအား ပြောကြားဆွေးနွေးကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမ်းခရိုင်မှ တာဝန်ရှိသူများ၊ ခရိုင် / မြို့နယ်သန်းခေါင်စာရင်းကော်မတီ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ/ စာရေးများ၊ စာရင်းစစ်/ စာရင်းကောက် သင်တန်းသား (၂၅)ဦး၊ စုစုပေါင်း(၈၀)ဦး တက်ရောက်ကြပြီး သင်တန်းအား Online မှတစ်ဆင့် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)