မြောက်ဥက္ကလာပ စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့၀င်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄)ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီ အချိန် အဆိုပါရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက အဖွင့်အမှာပြောကြားရာတွင် အရန်မီးသတ်တပ်ဖွဲ့၀င်များအနေဖြင့် မိမိတို့မြို့နယ်အတွင်း သဘာ၀ဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများအား ကူညီဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး သင်တန်းပို့ချပေးခြင်းဖြစ်ကြောင်းစသည့်တိုကိုပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်(၁) ဗိုလ်မှူးချမ်းမြေ့ဦးက အမှာစကားဆက်လက်ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးထွန်းထွန်းဦးက အရန်မီးသတ်တပ်ဖွဲ့၀င်များအား အရန်မီးသတ်ယူနီဖောင်းများ ထောက်ပံ့ပေးအပ်ရာ အရန်မီးသတ်တပ်ခွဲမှူးသိန်း၀င်းမှ လက်ခံရယူခဲ့သည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့၀င်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းကို အရန်မီးသတ်တပ်ဖွဲ့၀င် ၅၀ ဦးက တက်ရောက်သင်ယူမည်ဖြစ်ပြီး ဘာသာရပ်အနေဖြင့် မီးသတ်ပညာရပ်နှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ်တိုကို့ သင်ကြားပေးမည့်ဖြစ်ရာ သင်တန်းကာလမှာ(၉-၉-၂၀၂၄)မှ (၄-၁၀-၂၀၂၄)ရက်နေ့အထိ သင်ကြားပို့ချမည်ဖြစ်ကြောင်းသိရသည်။
သက်လွင်စိုး (ပြန်/ဆက်)