ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကျောင်းကျန်းမာရေးကွင်းဆင်းဆောင်ရွက်

ဒဂုံမြောက် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အမှတ်(၁)အခြေခံပညာမူတန်းကျောင်းနှင့် အမှတ်()အခြေခံပညာမူတန်းကျောင်းတို့တွင် ယနေ့နံနက် နာရီအချိန်က ကျောင်းကျန်းမာရေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ ဒေါက်တာမိုးခန့်သက်၊ ဆရာမဒေါ်ဉမ္မာလွင်၊ ဒေါ်စုစုခင်၊ ဒေါ်အိမွန်ချမ်းနှင့် ဒေါ်အေးအေးသက်တို့က ကျောင်းသားကျောင်းသူများ ကလေးငယ်များအား ကလေးအာဟာရနှင့် ပတ်သက်၍အသိပညာပေးခြင်းဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း၊ စ်ကိုယ်ရည်သန့်ရှင်းရေး၊ သွားနှင့်ခံတွင်းကျန်းမာ‌ရေး‌၊ သွားသန့်ရှင်းမှုပညာပေးခြင်းနှင့် လက်ကိုစနစ်တကျဆေးနည်းစသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)