ရမည်းသင်း စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ရမည်းသင်းမြို့၊ မြို့မအခြေခံပညာအထက်တန်းကျောင်း၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့မအခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးဦးအောင်အောင်ဦးက အမှာစကားပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပရခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများပိုမို ရရှိစေပြီး တစ်ဦးနှင့်တစ်ဦး အသိပညာအတွေ့အကြုံ ဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်း ရင်းနှီးမှုများရရှိကာ နုတ်မှုစွမ်းရည်ပြည့်ဝလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာဖတ်ရှိန်မြှင့် တင်ရေးလူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး မြို့မအခြေခံပညာအထက်တန်းကျောင်းGrade-9 ကျောင်းသူ မအိမ့်သူချစ်မှ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးများနှင့် လူငယ်တွေစာဖတ်ဖို့လိုပါတယ်၊ နည်းပညာခေတ်ကြီးမှာ စာပေဟာအရေးကြီးကာ၊ ဘဝလမ်းကြောင်းမှန်ကန်ဖို့အတွက် စာဖတ်ပါက တိုးတက်မှုများရရှိ ကြောင်းကိုလည်းကောင်း၊ Grade-9 ကျောင်းသား မောင်သန်းထိုက်ဝင်းမှ လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့် ကိုယ်လက်လှုပ်ရှားခြင်းဖြင့် ကျန်းမာရေးညီညွတ်မျှတစေရန် နေထိုင်နည်းကို လည်းကောင်း၊ Grade-9 ကျောင်းသူ မမြယွန်းဘုန်မှ လူငယ်နှင့်ဆိုရှယ်မီဒီယာခေါင်းစဉ်ဖြင့် ဆိုရှယ်မီဒီယာကောင်းကျိုးများဖြစ်သည့် အချိန်နှင့်တပြေးညီ သတင်းအချက်လက်များသိရှိရပြီး ဆိုးကျိုးများအနေဖြင့် လူမှုကွန်ယှက်ဖြင့်လမ်းမှားရောက်ရှိနေမှုများကိုလည်းကောင်း၊ Grade-9 ကျောင်းသား မောင်နောင်ထွန်းလွင်မှ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် ယဉ်ကျေးလိမ္မာစေရန်နှင့် ငါးပါးသီလစောင့်ထိန်းရေး၊ စာရိတ္တကောင်းမွန်သူဟာ လူတစ်ယောက်ရဲ့ အောင်မြင်မှု လမ်းကြောင်းကိုလည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးကြရာ တက်ရောက်လာသည့် Grade-9/8 ကျောင်းသား၊ ကျောင်းသူများမှ ဦးဆောင်ဆွေးနွေးသူများ၏ ခေါင်းစဉ်များမှ သိရှိလိုသည်များကိုမေးမြန်းကြရာဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ကျောင်းသူများမှ ရှင်းလင်းဖြေကြားပြီး ဦးစီးအရာရှိဒေါ်သန္တလင်းက ဖြည့်စွက်ရှင်းလင်းပြောကြားသည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို မြို့မအခြေခံပညာအထက်တန်းကျောင်း ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူစုစုပေါင်း (၂၃၀)ဦးတက်ရောက်ခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးနှင့် အသိပညာဗဟုသုတကြွယ်ဝဖို့ စာအုပ်စာပေလေ့လာစို့အသိပညာပေး နံရံကပ် စာစောင်နှင့် စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်၊ရမည်းသင်း)