တိုက်ကြီး ဧပြီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက မြန်မာ့ရိုးရာယဉ်ကျေးမှုကို မဏ္ဍိုင်ပြုသည့် မဟာသင်္ကြန်ပွဲတော်ကို စည်ကာသိုက်မြိုက်စွာဖြင့် ကျင်းပသွားမည်ဖြစ်ရာ ဖွင့်ပွဲ၊ ပိတ်ပွဲ ကျင်းပမည့်အစီအစဉ်၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ယိမ်းအကပြိုင်ပွဲများကျင်းပရေး၊ ဗဟိုမဏ္ဍပ်အပါအဝင် မဏ္ဍပ် ၂၄ ခုဖြင့် လမ်းလျှောက်သင်္ကြန်ထည့်သွင်းကျင်းပမည့်အခြေအနေနှင့် နှစ်ဦးတွင်အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ ငါးလွှတ်ပွဲများဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ဆပ်ကော်မတီများအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများကို ကဏ္ဍအလိုက်တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)