နတ်တလင်း စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၉)နာရီက ပေါက်တုန်းကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ထားထားဦးက ဗလငါးတန်နှင့်ပြည့်စုံသော လူတော်၊ လူကောင်းများ ပေါ်ထွန်းလာစေရန် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကိုဖတ်ရှုကြရန်၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများနှင့် လူကုန်ကူးမှုအန္တရာယ်များအကြောင်းကို အကျယ်တဝင့်ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ရုပ်ပုံပါစာအုပ်ဖြင့် ပုံပြင်ပြောခြင်း၊ နယ်လှည့်စာကြည့်တိုက်မှ စာအုပ်၊ စာစောင်များဖတ်ရှုစေခြင်းများပြုလုပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူကုန်ကူးမှုအသိပညာပေးနှင့် လူငယ်နှင့်စာဖတ်ခြင်းအကျိုးသိမှတ်စရာအဆိုအမိန့် အသိပညာပေးနံရံကပ်စာစောင်ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)