ကြံခင်း စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကြံခင်းမြို့နယ်မှုးရုံးမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုကိုင်ကြစို့" ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ ရွှေကျောင်း(အ. မ က) ကျောင်းတွင် ကွင်းဆင်းပြုလုပ်ပေးကြသည်။
ထိုသို့ ကွင်းဆင်းပြုလုပ်ပေးရာတွင် မြို့နယ်ဦးစီးမှုးကြီးကြပ်မှုဖြင့် လက်ထောက်(လဝက)မှူး ဦးဆက်ထူးလွင်နှင့် ဝန်ထမ်းများက ရွှေကျောင်း(အ.မ.က)ကျောင်း၌ အသက်(၁၀)နှစ်ပြည့်သော ကျောင်းသား/သူ(၇၁)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးကြသည်။
ထိုသို့ ဆောင်ရွက်ပေးခြင်းအား မြို့နယ်(လဝက)မှ (ယာယီ) လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းနှင့် ဘက်ရဲမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုတို့က ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)