သာယာဝတီမြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြိုအထိမ်းအမှတ် အသိပညာပေးဟောပြော

သာယာဝတီ စက်တင်ဘာ ၁၁

‌ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင်ကျရောက်မည့် (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြိုအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန( Community Centre)ခန်းမ၌ ကျင်းပသည်။

ဦးစွာ သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်စန္ဒာမိုးက ဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်(သာယာဝတီ)မှ တပ်ဖွဲ့စိတ်မှူးရဲအုပ်ဥက္ကာသွင်က လူကုန်ကူးခံရခြင်းတွင် အများဆုံးဖြစ်ပွားလေ့ရှိသော ပုံစံများ၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့်အကြောင်းအရာများ၊ Social Media အသုံးပြု၍ နည်းမျိုးစုံဖြင့် စည်းရုံးနေမှုများအား သတိပြုဆင်ခြင်နိုင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမှတ်(၄၁/၂၂)ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ဥပဒေပါအကြောင်းအရာများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပ‌ဒေပါအကြောင်းအရာများ၊ အငှားကိုယ်ဝန်‌ဆောင်ခြင်းနှင့်ပတ်သက်သော အကြောင်းအရာများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါအကြောင်းအရာများအား အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြောခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)