စမ်းချောင်း ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက်၌ ယမန်နေ့နံနက်(၁၀:၀၀)နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများအား Mobile/Tablet ဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံစာရင်းမှတ်တမ်းတင်ခြင်းလုပ်ငန်းကို သတ်မှတ် Software အသုံးပြုကာ ဆောင်ရွက်ပြီး အဖွဲ့(၃)ဖွဲ့ဖြင့် ကွင်းဆင်းခဲ့ရာ အဆောက်အဦ(၉၂)၊ အိမ်ထောင်စု(၂၅၁)စု၊ ကျား (၄၉၃)၊ မ (၉၁၅)၊ စုစုပေါင်း(၁၄၀၈)ဦး မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ Census Units များတွင် အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇေယျာစိုး၊ မြို့နယ်လဝကဦးစီးမှူးဦးဇော်မင်းသိန်းနှင့်ဝန်ထမ်းများ၊ စည်ပင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်လုံခြုံရေးအဖွဲ့ဝင်များက ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြူသွယ်ထွန်း