ရပ်စောက်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဆင်းပွဲအခမ်းအနားကျင်းပ

ရပ်စောက် အောက်တိုဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးထွန်းထွန်းဦးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင်“ယခုသင်တန်းတွင် လေ့ကျင့်သင်ကြားခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များ၏စွမ်းရည်(၄)ရပ်ဖြစ်တဲ့ မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်တို့ထက်မြတ်စေရန် အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း မီးသတ်ဦးစီးဌာနသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကိုမီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင်အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုတာဝန်ယူဆောင်ရွက်ရန်စသည့် ရည်ရွယ်ချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရင်း မိမိတို့ ရက်ကွက်/ကျေးရွာအုပ်စုအတွင်း မီးလောင်မှုဖြစ်ပွားလာပါက ဆုံးရှုံးမှုလျော့နည်းစေရန် မိမိတို့မှတစ်ဆင့် တိုင်းရင်းသား ပြည်သူများအား အသိပညာပေးပြန့်ပွားမှုပြုလုပ်ကြရန်” ပြောကြားခဲ့သည်။

ထို့နောက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းဆမ်ခမ်းနှင့် တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုများ၊ သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး မြို့နယ်အရန်မီးသတ်ဒုတိယတပ်ရင်းမှူး ဦးအောင်သီဟက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သင်တန်းသားများ စုစုပေါင်း(၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)