ကျောက်တန်း အောက်တိုဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကြံပင်စံပြကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းကို ၄.၁၀.၂၀၂၄ ရက်နေ့ နံ့နက်ပိုင်းက ကျောက်တန်းမြို့နယ် ကြံပင်စံပြကျေးရွာခန်းမတွင် တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် သန်လျင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူနှင့်ဝန်ထမ်းများ ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်း၀င်းလတ်နှင့် ၀န်ထမ်းများက ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာပြည်သူများတွေ့ဆုံ၍ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်သည့် သိကောင်းစရာများ အမှိုက်စီမံခန့်ခွဲမှုသန့်ရှင်းသော သောက်သုံးရေးကို ချွေတာအသုံးပြုမှုများ၊ သာယာလှပရေးအတွက် ပန်းအလှပင်/အရိပ်ရပင်များ စုပေါင်းစိုက်ပျိုးဆောင်ရွက်ကြရန် ဆွေးနွေးဟောပြောကြပြီး ရေတိုက်စား၍ မြစ်ကမ်းပြိုသည့်နေရာများ Smart-Village စီမံကိန်းရန်ပုံငွေဖြင့် အိမ်သွယ်ရေတိုင်းအသုံးပြုနေမှုများ ကျေးလက်စီးပွားမြှင့်မားရေး ရန်ပုံငွေထူထောင်ခြင်း CP ဝက်အသားတိုးမွေးမြူခြင်းလုပ်ငန်းများ စံပြကျေးရွာဆိုင်းဘုတ်နှင့်ပန်းအလှပင်းများ စိုက်ပျိုးထားရှိမှုများ ကွင်းဆင်းစစ်ဆေးပြီး ကျေးရွာကော်မတီများအား လိုအပ်သောပေါင်းစပ်မှုများ ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်ဆက်)