ချမ်းမြသာစည်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲနှင့်များ ကျင်းပ

ချမ်းမြသာစည်  အောက်တိုဘာ ၂၃

အနာဂတ်၏ လူငယ်များဘဝ စိတ်ချကောင်းမွန်၍ နိုင်ငံ့အတွက် အားထားရမည့်သူများဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲမှုကင်းစင်ရေးကို ရည်ရွယ်၍ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အမှတ် (၂၄) မူလတန်းလွန်ကျောင်းနှင့် ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့်ပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက မူးယစ်ဆေးဝါးအန္တရာယ်၊မူးယစ်ဆေးဝါးသုံးစွဲခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအကြောင်းနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများအကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။  ဆက်လက်၍ ကျောင်းသား/သူများကို စာကြည့်တိုက်ခန်းမ၌ စာစီစာကုံးပြိုင်ပွဲ၊ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဥာဏ်စမ်းပ‌ဟေဠိ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ကျောင်းသူ (၂၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးမှူးနှင့် ကြီးကြပ်ဆရာမများက ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများသည် ခန်းမအတွင်းပြသထားသော မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များကို စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အမှတ် (၂၄) မူလွန်ကျောင်းမှ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့