ကျွန်းလှ၌ စွန့်ပစ်အမှိုက်များဖြင့် သဘာဝမြေဆွေးပုံ ပြုလုပ်နည်းပြသ

ကျွန်းလှ နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စွန့်ပစ်အမှိုက်များဖြင့် သဘာဝမြေဆွေးပုံ ပြုလုပ်နည်းပြသခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)၌ ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီနှင့် ဝန်ထမ်းများက ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား စွန့်ပစ်ပစ္စည်း၊ ဖွဲနု၊ နွားချေးနှင့် EM ဖျော်ရည်တို့ဖြင့် သဘာဝမြေဆွေးပုံပြုလုပ်နည်းအဆင့်ဆင့်ကို လက်တွေ့ပြသပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို(ပြန်/ဆက်)