ပျဉ်းမနား ဧပြီ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် နွေရာသီကာလအတွင်း ကျရောက်လာနိုင်သည့် အပူဒါဏ်အန္တရာယ်များမှ အများပြည်သူများ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ အသိပညာပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ ပေါင်းလောင်းရပ်ကွက်၌ အပူဒဏ်ကာကွယ်ရေးအသိပညာပေး ဆောင်ရွက်ကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ပျဉ်းမနားမြို့နယ်၊ ခုတင်(၂၀၀)ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာယဉ်မျိုးအေးက ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူများ အပူဒဏ်အန္တရာယ်ကင်းဝေးစေရန်အတွက် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်များ၊ အပူဒဏ်အန္တရာယ် ပြင်းထန်စွာခံစားရပါက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များအတိုင်း စနစ်တကျ ကုသဆောင်ရွက်ရမည့်အခြေအနေများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)