ဆိပ်ဖြူမြို့နယ် လမ်းလျှောက်သင်္ကြန်ပွဲတော်အား ယောချောင်း၌ ကျင်းပမည်

ဆိပ်ဖြူ ဧပြီ ၇

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ကို ယောဝရပ်ကွက်ရှိ ဧရာဝတီမြစ်နှင့် ယောချောင်းဆုံရာအရပ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့နှစ်သစ်ကူးပြောင်သည့်လဖြစ်သည့် ဧပြီလ(နှောင်းတန်ခူး)လတွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ မြန်မာလူမျိုးတို့က နှစ်စဉ်ကျင်းပဆင်းနွှဲကြပြီး မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းသည့် ၂၀၂၆ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၇ ရက်(တန်ခူးလပြည့်ကျော် ၁ ရက်နေ့မှ ကဆုန်လဆန်း ၂ ရက်နေ့)ထိ မြန်မာ့ရိုးရာအတာသင်္ကြန် ရေသဘင်ပွဲတော်ကို ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားစည်ကားသိုက်မြိုက်စေရန်နှင့် စက်သုံးဆီချွေတာသုံးစွဲနိုင်ရေးအတွက် ယောချောင်းလမ်းလျှောက်သင်္ကြန်ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနများနှင့် ရပ်မိရပ်ဖဒေသခံပြည်သူများပါဝင်သော ကျင်းပရေးကော်မတီများဖွဲ့စည်း၍  စီမံဆောင်ရွက်ထားရှိကြောင်း၊ မြန်မာ့ရိုးရာနှစ်ဦး သင်္ကြန်ကာလအတွင် ရိုးရာယဉ်ကျေးမှုများအညီ နှစ်ဦးအန္တရာယ်ကင်း ပရိတ်တရာတော်ပူဇော်ပွဲများ၊ သက်ကြီးဘိုးဘွားပူဇော်ပွဲများကိုလည်း ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆိပ်ဖြူယောချောင်းအတွင်းသို့ သင်္ကြန်မတိုင်မှီကာလလက်ရှိအချိန်မှ ညနေပိုင်းများတွင် ချောက်မြို့နှင့် ဆိပ်ဖြူမြို့မှ ဒေသခံပြည်သူများက နေ့စဉ်အပန်းဖြေခြင်း ရေကစားခြင်းများဖြင့် စည်ကားနေကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)