လက်ပံတန်း ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ သင်တန်းနည်းပြဆရာ မြင့်သိန်း (ရွှေတောင်- ချည်/ ထည်/ ချော) က အခြေခံပန်းချီပညာရပ်ကိုနားလည်ပြီး ကြံဆရေးဆွဲနိုင်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာရေး၊ ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အသုံးဝင်မှုများနှင့် ပန်းချီပညာရပ်၏အကျိုးကျေးဇူးများ၊ နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်ကာလများ၌ အခြေခံပန်းချီသင်တန်းဖွင့်လှစ်ပေးနေမှုများကို ရှင်းလင်းပြောကြားကာ သင်တန်းကိုဆက်လက်ပို့ချသည်။
အဆိုပါ သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးခန့် တက်ရောက်ကြပြီး အခြေခံပန်းချီစနစ်တကျရေးဆွဲနည်းကို ဧပြီ ၆ ရက်နေ့မှ ၈ ရက်နေ့ထိ သုံးရက်တာ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)