နတ်မောက်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၂၀၂၆ ခုနှစ်မိုးရာသီတွင် ဒေသအတွင်း စိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်ပေါင်း( ၅၆၄၃၈)ပင် ပျိုးထောင်ထားရှိ

နတ်မောက် ဧပြီ ၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဒေသစိမ်းလန်းစိုပြည်ရေး၊ ကျေးရွာဒေသဖွံ့ဖြိုးရေး၊ ပြည်သူကိုဗဟိုပြုစိုက်ခင်းများတွင် စိုက်ပျိုးရန်အတွက်ပျိုးပင်(၅)မျိုး ပျိုးပင်ပေါင်း(၅၆၄၃၈)ပင် ပျိုးထောင်ထားရှိသည်။

နတ်မောက်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနရုံးမှ ပျိုးထောင်ထားရာတွင် ဘောစကိုင်း(၁၀၁၂၅)ပင်၊ ဒဟတ်(၁၀၁၂၅)ပင်၊ ယူကလစ်(၁၃၅၀၀)ပင်၊ တမာ(၁၁၃၄၄) ပင်နှင့် မဲဇလီ(၁၁၃၄၄)ပင် စုစုပေါင်း(၅၆၄၃၈)ပင်ပျိုးထောင်ထားရှိရာ နတ်မောက်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် သစ်ပင်သစ်တောများထိန်းသိမ်းခြင်းဖြင့် ပတ်ဝန်းကျင်ရာသီဥတုအခြေအနေများ တိုးတက်ကောင်းမွန်စေရန်အတွက် သစ်တောစိုက်ခင်း တည်ထောင်ခြင်းလုပ်ငန်းများ၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများ၊ ထင်းအစား အခြားလောင်စာအသုံးချရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်းနှင့် ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှဝင်း