ခန္တီး နိုဝင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေးသွင်းအားစုများနှင့် နှစ်ရှည်သီးနှံပင်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါမြို့နယ်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားတွင် ခန္တီးမြို့နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ နတလဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနိုင်မော်လွင်က အမှာစကားပြောကြားခဲ့ သည်။ မြို့နယ်ဦးစီးမှူး ဒေါ်စုစုခိုင်က ပေးအပ်ပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသော တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ၊ နေကြာမျိုးစေ့၊ မြေပဲမျိုးစေ့များနှင့် နှစ်ရှည်သီးနှံပင်များ ပေးအပ်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာဝန်ထမ်း(၈)ဦး တောင်သူ(၂၅)ဦး စုစုပေါင်း(၃၃)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)