ဟုမ္မလင်းမြို့နယ်၌ ကွန်ကရစ်လမ်းများတည်ဆောက်

ဟုမ္မလင်း နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ဆန်ကျိန်းကျေးရွာ၌ ကွန်ကရစ်လမ်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။

“ ဟုမ္မလင်းမြို့နယ်၊ ဆန်ကျိန်းကျေးရွာမှာ အလျား ၃၅၀ ပေ၊ အနံ ၈ပေ၊ အမြင့်  ၀  ပေဒသမ ၆လက်မရှိ ကွန်ကရစ်လမ်းကို (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ်  ၁၅ ဒသမ ၀၀ သန်း၊ ပြည်သူထည့်ဝင်‌ ငွေ ၁ ဒသမ ၀၄ သန်းဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ အခုအခါ ကွန်ကရစ်လမ် တည်ဆောက်မှုမှာ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပါတယ်” ဟု မြို့နယ်‌ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ကွန်ကရစ်လမ်း တည်ဆောက်ပြီးစီးပါက ကျေးရွာအတွင်း ရေစီးရေလာကောင်းမွန်ပြီး၊ ရဟန်းရှင်လူပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ သွားလာရေး အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။                        

 ဟုမ္မလင်း(ပြန်/ဆက်)