ညောင်တုန်းမြို့တွင် တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ (လပြည့်ကျော် ၁ရက်) စည်ကားသိုက်မြိုက်စွာကျင်းပ

 ညောင်တုန်း နိုဝင်ဘာ  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သော တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ နောက်ဆုံးနေ့(လပြည့်ကျော် ၁ရက်)ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲသည် ညောင်တုန်းမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သော အထင်ကရ ဘာသာရေးပွဲတော်တစ်ခုဖြစ်ကာ ယခုနှစ်သည် (၅၀)ကြိမ်မြောက်ဖြစ်ပြီး မြို့သူမြို့သားများ ရောဂါကင်းရှင်းရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပဌာန်းဒေသနာများ ရွတ်ဖတ်ပူဇော်ကာ မြို့ပေါ်(၁၀)ရပ်ကွက်ရှိ ယာယီ စံကျောင်း‌တော်မှ အပူဇော်ခံထားရှိသည့် နှစ်ကျိပ်ရှစ်ဆူဘုရားများအား မြို့တွင်းသို့ ဒေသစာရီကြွချီ လှည့်လည်အပူဇော်ခံခဲ့သည်။ 

ထို့အတူ ဘုရား‌၊ ကျောင်းကန်၊ စေတီများတွင် ဆီမီးများထွန်းညှိပူဇော်ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပဌာန်းဒေသနာများ ရွတ်ဖတ်ပူဇော်ခြင်းများနှင့် ပျော်ပွဲရွှင်ပွဲများအဖြစ် ပွဲလမ်းသဘင်များ၊ ဈေး‌ဈေးရောင်းပွဲတော်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိ‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)