ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေ(GRF)မှ ရန်ပုံငွေခွဲဝေချထားပေးနိုင်ရေး စိစစ်ခြင်းအစည်းအဝေးသို့ တက်ရောက်
ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေ(GRF)မှ ရန်ပုံငွေခွဲဝေချထားပေးနိုင်ရေးစိစစ်ခြင်း အစည်းအဝေးကို နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။