ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (Clean and Green Schools) အကောင်အထည်ဖော်ရေးအတွက် ပံ့ပိုးငွေများ ပေးအပ်
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲတင်ပြနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။