မိုင်းယန်း နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀) နာရီက အခြေခံပညာကျောင်းများနှင့် မိုင်းယန်းခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများ၊ တပ်ရင်းတပ်ဖွဲ့များသို့ ဖြန့်ဝေပေးကြောင်း သိရသည်။
အဆိုပါ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ “အမျိုးသားညီညွတ်ရေး” ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ပြောကြားသော အလယ်ပစ္စယံ ညီလာခံမိန့်ခွန်းမှ ကောက်နုတ်ချက်၊ မွေးရာပါ အမျိုးသားရေးတာဝန်၊ အမျိုးသားရေးစိတ်ဓာတ်အားမာန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ဗြိတိသျှတို့ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေ၊ ကဗျာဆရာ မြင်းမူမောင်နိုင်မိုး ရေးသားထားသော “အမျိုးသားအောင်ပွဲနေ့” ကဗျာ စသည့် အကြောင်းအရာများ ပါဝင်သော သတင်းစကား လက်ကမ်းစာစောင်များကို ခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ မြို့မဈေးနှင့် လမ်းသွားလမ်းလာ ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး