ပေါင် နိုဝင်ဘာ ၂၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လက်ဖက်ရည်ထုတ်အမျိုးမျိုးတို့နှင့်စပ်လျဥ်း၍ စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို နေ့လယ်(၁၂)နာရီက ပေါင်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနနှင့်သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က မြို့ပေါ်ရပ်ကွက်(၄)ခု၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပေါင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးနှင့် တာဝန်ရှိသူအသီးသီးတို့က စျေးကွက်အတွင်း ရောင်းချနေသော ကော်ဖီမစ်လက်ဖက်ရည်ထုတ်အမျိုးမျိုးတို့တွင် ကုန်အမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများက ကန့်သတ်တားမြစ်ထားသည့် ကော်ဖီမစ်လက်ဖက်ရည်ထုတ်များ ရောင်းချခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ကော်ဖီမစ်လက်ဖက်ရည်ထုတ်ရောင်းချနေမှုရှိ/မရှိ တို့အား စစ်ဆေးခြင်းနှင့် သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကော်ဖီမစ်လက်ဖက်ရည်ထုတ်များကိုသာ စျေးကွက်အတွင်းရောင်းချခြင်းများ ပြုလုပ်ကြရန်နှင့် စျေးကွက်အတွင်း ရောင်းချခြင်းမပြုသည့် ကော်ဖီမစ်လက်ဖက်ရည်ထုတ်များကို ရှောင်ရှားကြရန် ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)