သာစည်မြို့နယ်တွင် မီးခိုးမြူငွေ့လျှော့ချရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

သာစည် နိုဝင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် သစ်တောဦးစီးဌာနက မီးခိုးမြူငွေ့လျှော့ချရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)ကို ယမန်နေ့မွန်းလွဲပိုင်းက လှိုင်းတက်ကျေးရွာ ရွှေဘုံသာကျောင်းတိုက်ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ကျော်စိုးက မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို အသိပညာပေးဟောပြောပြီး တက်ရောက်လာသူများအားသဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များနှင့် အာဟာရမုန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အထက်တန်းအဆင့် ကျောင်းသား/သူများနှင့် ဆရာ/မများ၊ ကျေးရွာပြည်သူများ၊ လှိုင်းတက်ကျေးရွာရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအဖွဲ့ဝင်များနှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း ၂၃၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)