ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၄) နှစ်မြောက် အမျိုးသားနေ့အောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲကျင်းပ

ကျောက်တလုံးကြီး နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “အမျိုးသားနေ့အောင်ပွဲတို့ဆင်နွှဲ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “အမျိုးသားနေ့တို့မမေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် “တူယှဉ်နွှဲပျော် အမျိုးသားအောင်ပွဲနေ့ပွဲတော်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၇) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သန္တာဝင်း