ကဝမြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ

ကဝ နိုဝင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် (၁၀၄)နှစ်‌မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ကဝ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ဖြန့်ဝေခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်တွင် ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင်ပြောကြားသော အလယ်ပစ္စယံညီလာခံမိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၇-၁၂-၂၀၂၃ ရက်နေ့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ဗြိတိသျှတို့ပြဋ္ဌာန်းထားသော ကျွန်ပညာရေးဥပဒေ၊ အမျိုးသားရေးစိတ်ဓာတ်အားမာန်၊ မွေးရာပါအမျိုးသားရေးတာဝန်၊ အမျိုးသားအောင်ပွဲနေ့(ကဗျာ)၊ ကာတွန်း၊ ဆောင်ပုဒ်များပါဝင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)