သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ပြိုင်ပွဲများနှင့်ပြပွဲများ ပြုလုပ်

သာစည် နိုဝင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ပြိုင်ပွဲများနှင့်ပြပွဲများကို ယမန်နေ့နံနက်က ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက ပြိုင်ပွဲများပြုလုပ်ရခြင်းရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကို စတင်ရာ သာစည်မြို့ အမှတ် (၁) နှင့်အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းများနှင့် အမှတ် (၂) ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) မီးရထားတို့မှ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/ သူများက  အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် အမျိုးသားအောင်ပွဲနေ့မှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ခေါင်းစဉ်ဖြင့် ကျောင်းသား/ သူ ၂၈ ဦး၊ အလယ်တန်းအဆင့် ကဗျာရေးစပ်ပြိုင်ပွဲတွင် ကျောင်းသား/ သူ ၁၄ ဦးတို့က ယှဉ်ပြိုင်ကြကြောင်း သိရပြီး ဆုရရှိသူများကို (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် ဓာတ်ပုံများ၊ သုတရသစာအုပ်များကို ကျောင်းသား/ သူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)