စဉ့်ကိုင်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HVP)နှင့်၊ ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေး (DT) ထိုးနှံပေး

စဉ့်ကိုင် နိုဝင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးဌာနသည် အ.မ.က(ရန်နိုင်)ကျောင်း၊ အ.မ.က(မြို့မ) အ.လ.က(ခွဲ)တရုတ်စု၊ အ.ထ.က (စဉ့်ကိုင်) ကျောင်းနှင့် မြတ်စေတနာကိုယ်ပိုင်အထက်တန်း‌ကျောင်းများသို့ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေး (DT)နှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို  ယမန်နေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးလွင်ဦး‌ဆောင်၍  မြို့နယ်မိခင်နှင့်ကလေးကျန်းမား‌ရေးဌာန ဦးရဲမင်းကြီးကြပ်၍ ဝန်ထမ်းများက အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသူ(၁၁၂)ဦးကို သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး (HVP)အားလည်းကောင်း၊ အသက်(၇)နှစ်အောက် ကျောင်းသား၊‌ ကျောင်းသူ (၂၃၁)ဦးကို ဆုံဆို့မေးခိုင်ကာကွယ်ဆေး (DT)အားလည်းကောင်း ထိုးနှံပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်း ထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား/သူများကိုလည်း အလှည့်ကျ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းလည်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသ‌ရေးဦးစီးဌာမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးလွင်ထံမှ သိရသည်။

ကျော်စွာ (စဉ့်ကိုင်)(၃၉၉)