တံတားဦး နိုဝင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေကျပ်(၁၇၆.၈၆)သန်းဖြင့် Asia Destiny ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ပြူကန်-မြို့သာလမ်း လမ်းအရှည်(၀/၄.၅ )မိုင် ၊ အကျယ်(၁၂)ပေ၊ အမြင့် (၁၅)လက်မထု ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား နိုဝင်ဘာလ(၂၇)ရက်နေ့ နေ့လည်ပိုင်းတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးလှခိုင်နှင့်အတူ ကျောက်ဆည်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်စန်းစန်းဝါ ၊ တံတားဦးမြို့နယ် ဦးစီးအရာရှိ(မြို့ပြ) ဒေါ်သန္တာဝင်းနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများလိုက်ပါ၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးလှခိုင်မှ အဆိုပါကတ္တရာလမ်းအား သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်မီစွာဖြင့် အမြန်ဆုံးပြီးစီးရေး တွန်းအားပေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ရဲတင့် (ပြန်/ဆက်)