ကျောက်ဆည်မြို့နယ်တွင် တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူသူများ အဆင်ပြေ

ကျောက်ဆည် နိုဝင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးကိုအခြခံပြီး ပြည်သူများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိရေး တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများ တွဲဖက် လုပ်ကိုင်လျက်ရှိရာ ဆိတ်မွေးမြူသူများ အဆင်ပြေလက်ရှိကြောင်း သိရသည်။

ဆိတ်များမွေးမြူရာတွင် အရင်းအနှီးနည်းနည်းဖြင့် ဆိတ်အထီးတစ်ကောင် ငွေ (၆၃၀၀၀၀)ကျပ်၊ ဆိတ်မကြီးတစ်ကောင်ငွေ (၆၀၀၀၀၀)ကျပ်နှင့် စတင်အကောင်အထည်ဖော်နိုင်ပြီး ‌နေ့စဉ် လွှတ်ကျောင်းခြင်းဖြင့် အစာအရင်းအနှီ စိုက်ထုတ်ရန်မလိုခြင်း၊ ရောဂါဒဏ်ခံနိုင်ခြင်း၊ တစ်နှစ်နှစ်ကြိမ် သားပေါက်ခြင်းများကြောင့် တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူသူများ အဆင်ပြေလျက်ရှိကြောင်း ရေသရောက်ကျေးရွာမှ ဆိတ်မွေးမြူသည့် ဒေါ်အေးသန်းက ပြောပြသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ဆိတ်မွေးမြူသူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ  ထုတ်ချေးပေးလျက်ရှိပြီး မြင်းကဘက်ကျေးရွာမှ ဦးစောနိုင်၊ ဆူးလေကုန်းကျေးရွာမှ ဒေါ်သန်းသန်းဌေး၊ ဦးတင်မျိုးဆွေ၊ ဦးရှန်၊ ဦးကြာမောင်၊ ဦးကျော်သူငြိမ်း၊  ရဲစုရပ်ကွက်မှ ဒေါ်မြတ်မြတ်ရွှေတို့အား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ချေးပေးခဲ့ပြီး မွေးမြူရေးကဏ္ဍအောင်မြင်ရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆိတ်မွေးမြူထားသည့်‌ ပြည်သူများနှင့် စဉ်ဆက်မပြတ်တွေ့ဆုံပြီး ဆိတ်များ၏ ကျန်းမာရေးအခြေအနေများ၊ ဆိတ်ခြံသန့်ရှင်းရေးနှင့် လွှတ်ကျောင်းချိန်နှင့် ရောဂါကင်းရှင်းရေး၊ ရောဂါကြိုတင်ကာကွယ်ရေး နည်းများအကြောင်း စနစ်တကျ ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)