ကော့မှူး ဧပြီ ၈
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မကျီးကန်ကျေးရွာအုပ်စု၊ တိုးဂိတ်တွင် ကော့မှူးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှု ဖြင့် ဌာနဆိုင်ရာပူးပေါင်းများပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက "စုံ"နံပါတ်အက္ခရာ/ "မ"နံပါတ်အက္ခရာ မော်တော်ယာဥ်များအား သတ်မှတ်ရက်အလိုက် မောင်းနှင်အသုံးပြုမှု ရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ကျော်ဇင် ဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ အမှတ် (၅၂) ယာဥ်ထိန်းရဲတပ်ဖွဲ့ စုမှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့နယ် အတွင်းဖြတ်သန်းမောင်းနှင် သောမော်တော်ယာဉ်များ သတ်မှတ်ချက်များနှင့်အညီမောင်းနှင်မှုရှိမရှိအားစစ်ဆေးဆောင်ရွက်နေကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)