ကျောက်ဆည်မြို့နယ် တိုက်နယ်(၃)၌ မိုးကြိုသီးနှံမျိုးစုံ ၅၇၂၂ ဧက စိုက်ပျိုးပြီးဖြစ်

ကျောက်ဆည် ဧပြီ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တိုက်နယ်(၃)၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးကြိုရာသီတွင် ဒေသနှင့်ကိုက်ညီသည့်သီနှံများ မျိုးစုံစိုက်ပျိုးလျက်ရှိရာ မတ် ၃၀ ရက်နေ့ ကွင်းဆင်း စစ်ဆေးတိုင်းတာမှုများအရ မိုးကြိုသီးနှံမျိုးစုံ ၅၇၂၂ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်မြေစာရင်း ဦးစီးဌာနမှ သိရသည်။

မိုးကြိုသီးနှံစိုက်ပျိုးရာ၌ နွေစပါး ၃၅၃ ဧက၊ နွေနှမ်း ၄၀၂၈ ဧက၊ မိုးကြိုပဲတီစိမ်း ၁၃၁၁ ဧက စုစုပေါင်း ၅၆၉၂ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ နွေစပါး ၁၉၅ ဧက၊ နွေနှမ်း ၃၇၈၂ ဧက၊ မိုးကြိုပဲတီစိမ်း ၁၆၈၉ ဧက၊ ငြုပ်သီးနှံစိုက်ခင်း ၃၀ ဧကနှင့် ဟင်းသီး/ဟင်းရွက် ၂၆ ဧက စုစုပေါင်း ၅၇၂၂ ဧက စိုက်ပျိုး ပြီးကြောင်း သိရသည်။

တိုက်နယ်(၃)၌ လက်ပန်ပင်၊ မယ်ဇယ်ပင်၊ တံစိုး၊ သူငယ်တော်၊ ပွတ္တိုင်၊ မြောင်းဦး၊ အနောက်သာဂရ၊ ရွာပုလဲ၊ ကတဲ၊ ပနန် ကျေးရွာအုပ်စုများပါဝင်ပြီး မိုးကြိုရာသီ၌ လျာထားသီးနှံမျိုးစုံစိုက်ဧကများ ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေးမြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)