ကြံခင်း ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးးခန်းမ၌ ယနေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်အတွင်းသို့ ရောက်ရှိနေထိုင်တာဝန်ထမ်းဆောင် လျက်ရှိသော ရပ်ဝေးတာဝန်ကျ ဆရာ၊ ဆရာမများအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချ ပေးခဲ့ကြသည်။
ဦးစွာ မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ(ခေတ္တ)ဥက္ကဋ္ဌ ဦးကျော်မင်းထက်က ရပ်ဝေးမှ ရောက်ရှိ နေထိုင်တာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေးဌာနမှ ဆရာ၊ဆရာများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုများဖြင့် ဆရာ၊ ဆရာမ တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် တစ်ဦးလျှင် စာအုန်းဆီ ၅၀ ကျပ်သားကို သတ်မှတ် ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် လိုအပ်သော အခက်အခဲများရှိပါက အချိန်မရွေး တင်ပြနိုင်ပါကြောင်း၊ မိမိတို့အုပ်ချုပ်ရေးအပိုင်းမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရပ်ဝေးတာဝန်ကျ ဆရာ၊ ဆရာမများအား တစ်ဦးလျှင် ဆီ ၅၀ ကျပ်သားစီအား မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ (ခေတ္တ) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စားအုန်းဆီဖြန့်ဖြူးရောင်းချရေးကြီးကြပ်ကော်မတီများက ဆရာ၊ဆရာမ ၅၅ ဦးအား ရည်ညွှန်းသတ်မှတ်စျေး ၁ ပိဿာ ၇၃၁၅ နှုန်းဖြင့် ရောင်းချပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)